"မီးဖိုချောင်ထဲက အမေ့ကို ကြည့်ရင်း... ဒီစေတနာတွေ စတင်ခဲ့တာပါ" ❤️
တစ်နေ့တစ်နေ့ မီးဖိုချောင်ထဲကနေ မထွက်ရတဲ့ အမေ...
မနက်လင်းတာနဲ့ ဈေးခြင်းတောင်းဆွဲ၊ ကြက်သွန်ခွာ၊ ငရုတ်သီးထောင်း၊ မီးဖိုရှေ့က အပူဟပ်တဲ့ဒဏ်တွေကို ကြံ့ကြံ့ခံရင်း မိသားစုအတွက် ဟင်းတစ်ခွက်ဖြစ်လာဖို့ အချိန်တွေ အများကြီး ပေးဆပ်နေရတာပါ။ အမေ့ကို ကြည့်ရင်း... အမေ့လိုပဲ မိသားစုကို အကောင်းဆုံးတွေ ဖန်တီးပေးချင်တဲ့ အိမ်ရှင်မတွေ၊ အမျိုးသမီးတွေ နေ့စဉ် ဖြတ်သန်းနေရတဲ့ ပင်ပန်းမှုတွေကို အနီးကပ် ခံစားနားလည်ခဲ့ရပါတယ်။
"ငါတို့ရဲ့ အမေတွေ၊ အိမ်ရှင်မတွေ၊ အမျိုးသမီးတွေကို မီးဖိုချောင်ထဲမှာ သက်တောင့်သက်သာ ဖြစ်စေချင်လိုက်တာ..."
ဒီဆန္ဒလေးတစ်ခုတည်းနဲ့ပဲ ဈေးဝယ်ရတဲ့ ဒုက္ခ၊ ချက်ရပြုတ်ရတဲ့ ပင်ပန်းမှုတွေကို တစ်ထောင့်တစ်နေရာကနေ လျှော့ချပေးနိုင်ဖို့ ရည်ရွယ်ပြီး အချိန်အကြာကြီး ကြိုးစားဖန်တီးခဲ့ရာကနေ ဒီကနေ့မှာတော့ "Snacktial ၅ မျိုးချက် ဆီပြန်ဟင်းအနှစ်" ဆိုပြီး ဂုဏ်ယူစွာနဲ့ မွေးဖွားလာခဲ့ပါပြီ။
✨ ဟင်းတစ်ထုပ်ထက် ပိုတဲ့ တန်ဖိုးထားမှု
Snacktial ရဲ့ ဆီပြန်ဟင်းအနှစ် တစ်ထုပ်တိုင်းဟာ သာမန်ဟင်းချက်စရာတစ်ခု မဟုတ်ပါဘူး။ ဒါဟာ အမျိုးသမီးတွေရဲ့ "တန်ဖိုးရှိလှတဲ့ အချိန်တွေနဲ့ ပေးဆပ်မှုတွေကို အသိအမှတ်ပြုကြောင်း" ပြသနေတဲ့ အမှတ်အသားတစ်ခုပါ။
ဒီဟင်းအနှစ်လေး ရှိနေပြီဆိုရင်...
ပင်ပန်းမှုတွေ ကင်းဝေးပြီ: လှီး၊ ချွတ်၊ ထု၊ ထောင်း လုပ်စရာမလိုတော့လို့ မီးဖိုချောင်ထဲက အချိန်တွေကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ အစားထိုး အသုံးပြုနိုင်ပါပြီ။
"ကျန်းမာရေးအတွက် စိတ်အချရဆုံး -
ဘေးဥပဒ်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေ လုံးဝမသုံးဘဲ သဘာဝအစေ့အဆံတွေနဲ့သာ စနစ်တကျ ဖော်စပ်ထားလို့... အမေကိုယ်တိုင် ချက်ကျွေးတဲ့အတိုင်း ကျန်းမာရေးအတွက် လုံးဝ (လုံးဝ) စိတ်ချရပါတယ်။"
ငွေကုန်ကြေးကျနဲ့ အချိန်သက်သာမှု: ဟင်းခတ်အမွှေးအကြိုင်တွေ အစုံအလင် လိုက်ဝယ်စရာမလိုတော့ဘဲ (ကြက်၊ ဘဲ၊ ဆိတ်၊ အမဲ၊ ဥမျိုးစုံ) အသား (၅) မျိုးအထိ မိသားစုအကြိုက် လွယ်လွယ်ကူကူနဲ့ အရသာရှိရှိ ချက်ပြုတ်နိုင်လို့ အရမ်းကို တွက်ခြေကိုက် အဆင်ပြေစေပါတယ်။
မီးဖိုချောင်ထဲမှာ ပျော်ဝင်သွားတဲ့ အမေတို့ရဲ့ အဖိုးတန်အချိန်တွေကို ပြန်လည်သိမ်းဆည်းပေးဖို့... ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ အိမ်ချက်လက်ရာစစ်စစ်ကို Snacktial က တာဝန်ယူပါရစေ။
"အိမ်ရှင်မတိုင်းရဲ့ ပင်ပန်းမှုတွေကို လျှော့ချနိုင်ဖို့...
အနွေးထွေးဆုံး စေတနာ၊ အကောင်းမွန်ဆုံး လက်ရာ"
Make with care, Share with love.
🧡 Snacktial
✨ Beyond just a meal, it’s an Experience! ✨
"ဧရာရှယ် မုန့်ဟင်းခါး" ဆိုတာ ဘာလဲ?
ဒါက ရိုးရိုးမုန့်ဟင်းခါး တစ်ပွဲ မဟုတ်ပါဘူး။ ဧရာဝတီရဲ့ အနှစ်သာရ အရှိဆုံးသော မြို့ (၃) မြို့ရဲ့ လျှို့ဝှက်ချက်တွေကို တစ်ပန်းကန်တည်းမှာ စုစည်းထားတဲ့ The World’s First Triple Blend Mohinga ဖြစ်ပါတယ်။
🌊 The Iconic Triple Blend
Myaungmya Style - လေးပင်တောင့်တင်းတဲ့ ငါးအနှစ်သာရ။
Hinthada Style - အဝေးကပင် မွှေးပျံ့စေတဲ့ သဘာဝရနံ့။
Pathein Style - သန့်ရှင်းအနုစိတ်တဲ့ လက်ရာစစ်။
Snacktial စားသောက်ကုန်လုပ်ငန်းကနေ FEB 15, 2026 မှာ စတင်မိတ်ဆက်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာတင်မက ကမ္ဘာမှာပါ ပထမဦးဆုံးအဖြစ် စနစ်တကျ တီထွင်ဖန်တီးထားတဲ့ Premium Product တစ်ခုပါ။
🌿 Real Ingredients, Real Taste:
ကျန်းမာရေးအတွက် စိတ်ချရတဲ့ လတ်ဆတ်သော ကုန်ကြမ်းများကိုသာ အသုံးပြုထားပါတယ်။ သကြားအစား ထန်းလျက် ကို သုံးစွဲထားပြီး သဘာဝအူမာမီ (Natural Umami) အရသာစစ်စစ်ကို ရရှိစေမှာဖြစ်လို့ ဓာတုပစ္စည်းတွေအတွက် လုံးဝ စိုးရိမ်စရာမလိုပါဘူး။
🏠 Something BIG is coming in a SMALL space!
Are you ready for the Snacktial Experience? မကြာခင် အချိန်အတွင်းမှာ အရသာမှာ "ရှယ်" ဖြစ်စေမယ့် ဧရာရှယ်ရဲ့ အရသာစစ်စစ်ကို အိတ်ခွံထဲမှာတင်မကဘဲ လက်တွေ့ ခံစားနိုင်တော့မှာပါ။
"တစ်ခါစားကြည့်ရုံနဲ့... ဘာကြောင့် ဧရာရှယ် လို့ ခေါ်ရလဲဆိုတာ သင်ကိုယ်တိုင် လက်ခံသွားစေဖို့ ပူပူနွေးနွေး အငွေ့တထောင်းထောင်းနဲ့ ဧရာရှယ် မုန့်ဟင်းခါးကို ဆိုင်မှာထိုင်ပြီး အရသာရှိရှိ စားသုံးနိုင်ဖို့ လည်း ပြင်ဆင်နေပါတယ်။
🛒 Stay Tuned for the Grand Opening of Snacktial Mini Restaurant!
ဧရာရှယ် - ဗိုက်ပြည့်ရုံသာမက နှလုံးသားပါ နွေးထွေးစေမည့် အရသာစစ်
✨ Beyond just a meal, it’s an Experience! ✨
What is "Ayeyar Special Mohinga"?
This isn't just your average bowl of Mohinga. It is the World’s First Triple Blend Mohinga, a masterpiece that brings together the culinary secrets of the three most iconic cities in the Ayeyarwady Delta into a single, perfect dish.
🌊 The Iconic Triple Blend
Myaungmya Style: A rich, robust, and hearty fish essence.
Hinthada Style: A signature aroma that captures your senses from afar.
Pathein Style: Refined, clean, and meticulously authentic craftsmanship.
Launched on February 15, 2026, by Snacktial Food Industry, this is a premium product systematically crafted to be the first of its kind—not just in Myanmar, but globally.
🌿 Real Ingredients, Real Taste
We prioritize your health by using only the freshest raw materials. By using Jaggery instead of refined sugar, we’ve achieved a true Natural Umami flavor. You can enjoy every bite without a single worry about artificial chemicals or additives.
🏠 Something BIG is coming in a SMALL space!
Are you ready for the Snacktial Experience? Very soon, you’ll be able to experience the premium quality of Ayeyar Special beyond the packaging and in real life.
"One taste is all it takes to realize why we call it Ayeyar Special."
We are currently preparing a cozy spot for you to sit down and savor a steaming, aromatic bowl of Ayeyar Special Mohinga, served fresh and hot.
🛒 Stay Tuned for the Grand Opening of Snacktial Mini Restaurant!
Ayeyar Special – Authentic taste that fills your belly and warms your heart.